

ကယားပြည်နယ်၊ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားအား ၅-၆-၂၀၂၂၊ တနင်္ဂနွေနေ့ နံနက် ၇း၃၀နာရီမှ ၈း၃၀နာရီတွင် ပညာရေးဒီဂရီကောလိပ် (လွိုင်ကော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသစ်ပင်စိုက်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) မှ ကျောင်းအုပ်ကြီးလည်းပါဝင်တက်ရောက်ခဲ့ပါသည်။